Posts

Showing posts from October, 2017

MIUI Rom ဘယ်နှမျိုးရှိသလဲ ၊ဘာတွေကွာခြားလဲ၊ ဘယ်ဟာပိုကောင်းလဲ

Image
ပထမဆုံး MIUI ဆိုတာလေးကနေ စကြရအောင်။ MIUI ဆိုတာဘာလဲ???             MIUI ဆိုတာကို အသံထွက် အနေနဲ့ မီယူအိုင်(Me You I)  လို့ အများက ခေါ်လေ့ရှိပါတယ်။ဖုန်းရဲ့နာမည်ဖြစ်တဲ့ MI ဆိုတာနဲ့ UI (User Interface) တို့ကို ပေါင်းထားတာလို့ အကြမ်းဖျင်းပြောပါရစေ။Xioami Company ကထုတ်လုပ်ထားပီး Android ကိုအခြေခံထားတဲ့ Android OS(Operating System) တစ်ခုလည်းဖြစ်ပါတယ်။MIUI Rom ဟာ Xiaomi phone တွေအတွက်တင်မကဘဲ အခြားသော ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Samsung , HTC, Nexus , One Plus ဖုန်းအမျိုးအစား အချို့အတွက်ပါရရှိနိုင်ပါတယ်။ အခြားဘယ်ဖုန်းတွေ MIUI Custom Rom သုံးလို့ရသလဲဆိုတာ အောက်ကလင့်ကနေကြည့်နိုင်ပါတယ်။ http://en.miui.com/download.html             တရုတ်အစိုးရနဲ့ Google Play Service တွေကို နိုင်ငံအတွင်းထဲမှာ အသုံးမပြုရ POLICY ကြောင့် Xiaomi ရဲ့ MIUI Rom တွေဟာလည်း Google play service ထည့်မရတော့ဘူး။ တရုတ်နိုင်ငံအတွင်းမှာပဲ MIUI ကိုအသုံးပြုကြတာဆိုရင် ကိစ္စမရှိပေမယ့် နိုင်ငံတကာကို တင်ပို့ရောင်းချနေတဲ့ ဖုန်းတွေအတွက်ကျ Google Play Service တွေ ပါမှအဆင်ပြေမှာပါ။ ဒီတော့ Xiaomi က သူ့ရဲ့ MIUI Rom ကို  China MIUI Rom နဲ့ Global M

MIUI Rom တွေမှာ Screen Overlay Detected ဆိုပီး ပေါ်နေတာကို ဖြေရှင်းနည်း

Image
Xiaomi Phone အသုံးပြုသူများအနေဖြင့် တစ်ခါတစ်လေမှာ application တစ်ခုခုသွင်းပီးဖွင့်တဲ့အခါမှာ ဒီလို Screen Overlay Detected ဆိုတဲ့စာကြီးတက်လာတာ တွေ့ဖူးပါလိမ့်မယ်။ တစ်ချို့ သူတွေအတွက် ဖြေရှင်းရတာလွယ်ကူသလောက် အများစုကတော့ ဘယ်လိုဖြေရှင်းရမယ်မှန်းမသိဖြစ်တတ်ကြပါတယ်။ Open Settings ကိုနှိပ် - permission ပေးမယ်လုပ်တော့လည်း ပေးမရ။app ကိုပိတ် ပြန်ဖွင့်တော့လည်း ဒီလိုကြီးပဲပြန်ပေါ်လာတာ တွေ့ဖူးမှာပါ။ ဆိုတော့ ပထမဆုံး Screen Overlay Detected ဆိုတာ အရင် ရှင်းပြလိုပါတယ်။            Android System ဟာ Draw Over Other Apps ဆိုတဲ့ feature တစ်ခုကို Android 6.0 (Marshmallow) နဲ့ Android 7.0 (Nougat) တို့မှာမိတ်ဆက်ခဲ့ပါတယ်။သူက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ အချို့သော app တွေဟာ Screen ပေါ်မှာ အမြဲပေါ်နေဖို့လိုသလို background မှာလည်း service အမြဲ Run နေလို့ ရအောင်ပါ။ ဥပမာ Facebook Messenger လိုမျိုးပေါ့။ဘယ် app ဖွင့်ထားဖွင့်ထား Messenger Shortcut အလုံးလေးက Screen ရဲ့ အပေါ်ဆုံးမှာ ပေါ်နေသလိုမျိုးပေါ့။            Screen Overlay Detected ဆိုတဲ့ ပြဿနာ ဘယ်အချိန်မှာ ဖြစ်လဲဆိုရင် အပေါ်မှာ ပြောခဲ့သလိုမျိုး Draw Over Other app