MIUI Fan များအတွက် Forum Credit အကြောင်း နဲ့ Mi Credit တို့ရဲ့ အကြောင်းရှင်းလင်းချက်
MIUI အသုံးပြုသူတွေအနေနဲ့ Xiaomi ရဲ့ Official Global Forum ဖြစ်တဲ့ en.miui.com/forum.php ကို အသုံးပြုနေတဲ့ သူတွေ ၊ ကြားဖူးသူတွေ ရှိကောင်းရှိပါလိမ့်မယ်။ သုံးလည်းမသုံးဖူးဘူး ၊ ကြားလည်းမကြားဖူးဘူး ဆိုသူတွေလည်းရှိနိုင်ပါတယ်။ MIUI Forum အသုံးပြုသူတွေအနေနဲ့ Forum Credit ဆိုတာလေးကို သိရှိပီးဖြစ်ပါလိမ့်မယ်။ en.miui.com/forum.php ဆိုတဲ့ Forum က ကိုယ့် Profile မှာ Forum Credit ဘယ်လောက်ရှိတယ် ဆိုတာတွေကို ကြည့်နိုင်ပါတယ်။ နောက်တစ်ခါ Mi Credit ဆိုတာကိုပါ တွေ့လာတဲ့ သူတွေက Forum Credit နဲ့ အတူတူလား ၊ မတူဘူးလား ၊ ဘာလား ၊ညာလား ပေါ့လေ ဒွိဟဖြစ်သွားကြပါတယ်။ အထူးသဖြင့် Mi Credit ဆိုတာကို အချို့သော Theme တွေမှာ Mi Credit ဘယ်လောက်နဲ့ ဆိုပီး ရောင်းထားတာတွေ တွေ့ဖူးမှာပါ။ ဆိုတော့ ဥပမာ .....ဟာ ကျွန်တော့မှာ Forum Credit 100 ရှိတယ်၊ Paid Theme(အခပေး သင်းမ်) တွေ ဝယ်လို့မရဘူးလား ဆိုတဲ့ မေးခွန်းတွေ ရှိလာကြပါတယ်။ ဒီတော့ ကျွန်တော် အဲ့ အကြောင်းလေးကို ရှင်းပြလိုပါတယ်။ Forum Credit နဲ့ Mi Credit ဆိုတာကို ကွဲ ကွဲ ပြားပြား ဖြစ်စေဖို့ ခေါင်းစဉ် နှစ်ခုခွဲပီး ရေးလိုက်ပါမယ်။ MIUI Forum Credit များအကြောင်း