Posts

Showing posts from May, 2015

Android Smartphone မှာ RAM ကို တိုးမြှင့်နည်းများ

Image
  စမတ်ဖုန်းများဟာ ဟောင်းနွမ်းလာတာနဲ့ အမျှ နောက်ဆုံးပေါ် Apps များနဲ့ Software Update အသစ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတော့ပါဘူး။ ဟောင်းနွမ်းတဲ့ Hardware များဟာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် RAM ကို တိုုးမြှင့်ခြင်းက ပြဿနာများကို ပြေလည်စေမှာပါ။ ဒီဆောင်းပါးမှာ Root လုပ်ထားပြီးသား ဖုန်းများအတွက်ရော၊ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ RAM ကို တိုးမြှင့်နည်းများကို ရေးပေးလိုက်ပါတယ်။ RAM ( Random Access Memory) ဆိုတာ သင့် စမတ်ဖုန်းဟာ Temporary Data များကို ကူးပြောင်းဖို့ RAM ကို အသုံးပြုရပါတယ်။ RAM များလေလေ Apps, Tabs, Processes, Windows များကို တစ်ပြိုင်နက် လျှင်မြန်စွာ အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။ OS နဲ့ System Processes များကလည်း RAM ကို စားသုံးနေကြပါတယ်။ Apps များကို အင်စတော ပြုလုပ်မှု များလာတာနဲ့ အမျှ Processes အသစ်များစွာက System ထဲကို ဝင်ရောက်လာတဲ့ အတွက် နှေးကွေးမှုများ ဖြစ်ပေါ်လာရတာပါ။ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာ RAM ကို မြှင့်တင်နည်းများ Widgets နဲ့ Live Wallpaper များကို ကန့်သတ်ပါ။ Widgets တော်တော်များများက ကိုယ်တို