Notification Bar မှာ Downloading English (US တို့ India တို့) တက်နေတာဘယ်လိုရှင်းမလဲ



ဒီ ပြဿနာက ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် ဖျက်လည်းခဏ ၊ ပီးရင် ပြန်ပြန်တက်လာတော့ စိတ်ကသိကအောက်ဖြစ်ရတာတော့ အမှန် ပါ။ ဘာကြောင့် ဖြစ်ရသလဲဆို တော့ Phone ရဲ့ Region ကို အပြောင်းအလဲ လုပ်တာတွေ ၊ ပီးတော့ text to speech output ရဲ့ setting ထားတဲ့ ပုံစံကြောင့် အဖြစ်များပါတယ်။ waiting for network/wifi လို့သာ ပြနေတာ ၊ wifi ချိတ်ပီးလည်း ပျေက်ချင်မှ ပျောက်တာ ရယ် ။ဒီ ပြဿနာက ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် ဖျက်လည်းခဏ ၊ ပီးရင် ပြန်ပြန်တက်လာတော့ စိတ်ကသိကအောက်ဖြစ်ရတာတော့ အမှန် ပါ။ ဘာကြောင့် ဖြစ်ရသလဲဆို တော့ Phone ရဲ့ Region ကို အပြောင်းအလဲ လုပ်တာတွေ ၊ ပီးတော့ text to speech output ရဲ့ setting ထားတဲ့ ပုံစံကြောင့် အဖြစ်များပါတယ်။ waiting for network/wifi လို့သာ ပြနေတာ ၊ wifi ချိတ်ပီးလည်း ပျေက်ချင်မှ ပျောက်တာ ရယ် ။
ဒီတော့ အဲ့ ဒါလေးကို ဘယ်လိုရှင်းမလဲဆိုတဲ့ နည်းလေးပြောပြပါမယ်။ သိပီးသားလူတွေ ကျော်သွား ပါ
ပထမဆုံး အဲ့ဒီ downloading ဆိုတဲ့ download လုပ်ဖို့ အစ ပြုနေတဲ့ file ကိုဖျက်ပါမယ်။
Settings > Additional settings > Language & input > Text-to-speech output ကို သွားပါ။





ပီးသွားရင် Google Text-to-speech Engine ဆိုတဲ့ စာဘေးက setting icon လေးကို နှိပ်လိုက်ပါ။


ပီးရင် install voice data ဆိုတာကနေ notibar မှာတက်နေတဲ့ language ထဲကို ဝင်လိုက်ပါ။ ခု ကျွန်တော်က နမူနာ India နဲ့ ပြထားတာဆိုတော့ India ထဲဝင်လိုက်ပါမယ်။


အဲ့မှာ ဒေါင်းဖို့ waiting ဖြစ်နေတဲ့ ဟာလေးကို တွေ့ပါမယ် အာ့လေးကို ဖျက်လိုက်ပါ။

တစ်ခါတစ်လေမှာ ဖျက်တဲ့ ဟာလေးက ပျောက်နေတတ်တယ်။ ဖျက်မရလည်း မဖျက်နဲ့ပေါ့
စတာ .....နောက်တစ်ဆင့်ကို ဆက်သွားပါမယ်။
setting > installed apps မှာ Download Manager ဆိုတာ ရယ် ၊ Download ဆိုတဲ့ အဲ့နှစ်ခုထဲကို ဝင်ပီး Clear Cache , Clear Data လုပ်ပေးပါ ။ ကဲ ဒါဆိုရင်တော့ notibar က စိတ်အနှောက်အယှက်ပေးနေတဲ့ စာကြီးပျက်ပါပီ။
ဒီလိုဟာမျိုးတွေနောက် ထပ်ဖြစ်မလာအောင်
Setting > Additional Settings > Language & Input >Text-to-speech output > Google Text-to-speech Engine ရဲ့ ဘေးက setting icon > Settings for Google Text-to-speech Engine ထိအောင် သွားလိုက်ပါ။ (အပေါ်ဆုံးက အဆင့်နဲ့ဆင်ပါတယ်)
အဲ့ ကို ရောက်သွားရင် on ဖြစ်နေတဲ့ ဟာတွေ အကုန်လုံးကို off လိုက်ပါ.
ဒါဆို အဆင်ပြေသွားပါပီ
ကဲဒါဆို ရင် အပေါ်မှာပြောခဲ့တဲ့နည်းလမ်းက မဒေါင်းချင်ဘူး ဖျက်မယ်ဆိုတဲ့နည်းပါ.
အဲ့လိုမဟုတ်ဘူး ၊ ဒေါင်းလည်း ဒေါင်းချင်တယ် ။ ဒေါင်းလို့လည်း မရတဲ့ သူတွေ အတွက် အောက် ကနည်းလမ်းကို ဆက်ကြည့်ပါ.
quick shortcut maker ဆိုတဲ့ app လေးလိုပါမယ် ။ ဒီကဒေါင်းပါ။
ပီးရင် quick shortcut maker ကိုဖွင့်၊ အောက်က ပုံလို download Manager ဆိုတာလေးကိုရှာ ဘေးက မျှားလေးကို နှိပ် ၊ ကျလာတဲ့ အထဲက အောက်ဆုံးက download manager ကို ရွေးပီး Create ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင် home screen မှာ download manager ဆိုတဲ့ shortcut icon လေး ရောက်လာပါမယ်။ အာ့လေးကို ဖွင်လိုက်ပါ။ ဒါဆိုရင် လက်ရှိ download waiting ဖြစ်နေတဲ့ ဟာတွေကို internet data အသုံးပြုပီး ဒေါင်းမလား မေးပါလိမ့်မယ်. ဒေါင်းလိုက်ပါ။ Download
ဒါက ဇွတ်ဒေါင်းနည်း ပေါ့
OK ပါပီ.
မရှင်းတာ ရှိရင် မန့်ခဲ့ ပါ...

Comments

Popular posts from this blog

Mi6, Mi Pad 3 နဲ့ Mi 5 (7.0) China Rom တွေမှာ Google apps တွေသွင်းနည်း

MIUI Forum မှာ Beta Team (သို့) အခြား Special Team Member လျှောက်တော့မည်ဆိုလျှင်

MIUI Fan များအတွက် Forum Credit အကြောင်း နဲ့ Mi Credit တို့ရဲ့ အကြောင်းရှင်းလင်းချက်