MIUI Forum မှာ Beta Team (သို့) အခြား Special Team Member လျှောက်တော့မည်ဆိုလျှင်


MIUI Fans တွေအနေနဲ့ Xiaomi MIUI Forum မှာ beta team က လူခေါ်တာတွေ သို့ အခြား Special Team ( Designer , Resources ,Photography ..)အစရှိသဖြင့်ပေါ့လေ Special Members တွေခေါ်တာတွေ့လို့များ လျှောက်ဖြစ်မယ်ဆိုရင် သူတို့ရဲ့ သဘောသဘာဝလေးတွေကို သိအောင် ဒါလေးကို ရေးပေးလိုက်ပါတယ်.
ဒီတော့ သိချင်မယ် သိသင့်တယ်ထင်တာလေးတစ်ချို့ကို အမေးအဖြေ သဘောလေး ရေးပေးလိုက်တယ်

ဥပမာ အနေနဲ့ Beta Team Member တွေအကြောင်းနဲ့ ရေးထားပါတယ်။

မေး။ Beta Team Member ဖြစ်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
ဖြေ။  ဟုတ်ကဲ့ ။ ဖြစ်စေ၊ ဥုံဖွဆိုပီး မဖြစ်ပါဘူး ခင်ဗျာ ။ လျှောက်လွှာ တင်ရပါမယ်။

မေး။ လျှောက်လွှာတင်လိုက်ရင်ဖြစ်ပီလား ? 
ဖြေ။  လျှောက်တဲ့သူတွေ ဒီလောက်အများကြီးဗျာ ။အကုန်ရွေးမလားဗျ။ သူ့လိုအပ်ချက်နဲ့ကိုက်တဲ့သူတွေပဲ ရမှာပေါ့ ။

မေး။ သူတို့ကရွေးတာနဲ့ ကိုယ့်ဖုန်းက Rom က အော်တို Beta Tester Rom ဖြစ်သွားရောလား?
ဖြေ။
 ၁. မိမိသုံးနေတဲ့ rom ဟာ China Beta Rom ဖြစ်ရပါမယ်။ဘာလို့လဲဆိုတော့ ခုပထမဆုံးပေးတာ china beta rom ကို အရင်ပေးတာမို့ပါ။
၂.  ရွေးချယ်ခံရတဲ့သူတွေကို MIUI 9 ကို အကြိုပေးပီဆိုတာနဲ့ Updater app ကနေ မြှင့်ရုံပါပဲ။ (ဖုန်းချင်းအတူတူသူများတွေ MIUI9 မရသေးခင် ကိုယ်ကကြိုသုံးနေရမှာပေါ့ဗျာ)

မေး ။ ဘယ်သူတွေ လျှောက်လို့ရမလဲ?
ဖြေ။ Xiaomi MIUI Forum က အလျဉ်းသင့်သလို ခေါ်တဲ့အချိန်တွေမှာ လျှောက်ရပါတယ်။ အဲ့မှာ ဘယ်ဖုန်းတွေအတွက်ဆိုပီး ပြောခေါ်တာဖြစ်ပါတယ်။

-QQ Group မှာပြောဖို့ဆိုဖို့ eng လိုလေး နည်းနည်းပါးပါး ဆိုရပီ :3

မေး ။ ဟာဒါဆို သာသာယာယာလေးပဲ သူများတွေ ထက်ထူးရတာပေါ့ ?
ဖြေ။ တကယ်လို့ ကိုယ့်ကို ရွေးတယ်ပဲထား။ အရွေးခံရတဲ့သူတွေက ဒါလေးတွေလုပ်ရပါမယ်။

၁. QQ acc သုံးတတ်ရပါမယ်။
၂. Update က တစ်ပတ်ကို သုံးခါနဲ့အထက် ပေးပါမယ်။ပေးတိုင်းလုပ်ရပါမယ်။
၃. ရွေးချယ်ခံရတဲ့သူတွေချည်းစုထားတဲ့ QQ group မှာ ဆွေးနွေးခွင့်ရပါမယ်။(ပညာရတာပေါ့)
၄. Update မှာ ဘာ error ရှိတယ်၊ ဘာ bug တွေတွေ့တယ် ဆိုပီး report လုပ်ဆွေးနွေးရပါမယ်။
၅. အပတ်စဉ် forum က ဒီတစ်ပတ် update ကို recommend လုပ်/မလုပ် ပေးရမယ့် poll တွေမှာ ပူးပေါင်းပေးရပါမယ်။

တကယ်လို့ ရွေးချယ်ခံရပီးမှ ၊ အပေါ်က အချက်တွေကို မလိုက်နာရင် ထုတ်ပါမယ်။

မေး။ မင်းဟာက ရွေးဖို့ကလည်းမသေချာ၊ အရွေးခံရရင်လည်း လုပ်ရမှာတွေက များလိုက်တာ။ဒီ update လေး ကြိုရမှာလေးတစ်ခုတည်းနဲ့။
ဖြေ ။ အရွေးချယ်ခံရတယ်။ သူတို့လိုအပ်ချက်တွေအတိုင်းလည်း လိုက်နာတယ်ဆိုရင် ၊ကိုယ့်ရဲ့အခွင့်အရေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁. MIUI official အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်လို့ရပါမယ်။
၂. လိုအပ်ချက်တွေကိုလည်း လိုက်နာတယ်၊ ထူးချွန်စွာလည်းဆွေးနွေးတယ်၊ ကြိုးစားတယ်ဆိုရင် ၊ xiaomi ကဆုပေးပါတယ်။ (ဘာဆုလဲတော့မမေးနဲ့ Mi Phone တွေ ၊ MI Gadgets တွေ လို အမှန်အကန်ပေးတာ)
၃. Xiaomi က ပွဲတွေ အခမ်းအနားတွေမှာ တက်ချင်တယ်ဆို ဦးစားပေးရပါမယ် :3
၄. en.miui.com မှာ permission 89အထိ ရှိတဲ့ post တွေကို ဖတ်ခွင့်ရှိပါမယ်။
၅. အပတ်စဉ် သူများထက်ထူးပီး update တွေ စောရပါမယ် (China Beta Rom သမားတွေပဲနော်)
၆. MIUI forum ရဲ့ သေချာတဲ့ သတင်းအရင်းအမြစ်တွေလည်း စောစောသိရမယ်

မေး ။ အေးဒါဆိုရင်တော့မဆိုးဘူးဟ ။ လိုက်နာမယ်ကွာ။ ခုငါက ဘယ်လိုလျှောက်ရမတုန်းပြောပြ။
ဖြေ။  အပေါ်က ပြောတာတွေလည်းလိုက်နာမယ် ဆိုရင် လျှောက်လို့ရပါတယ်။ ရွေးတာမရွေးတာတော့ မတတ်နိုင်ဘူးဗျာ ။ လျှောက်ရမှာ ကိုယ့်တာဝန်ပဲဆိုတော့ လျှောက်သာလျှောက်။

လျှောက်မလို့ ဘယ်လိုလျှောက်ရမတုန်း အစဆုံးပြော ။
လျှောက်ရတဲ့ ပုံစံက အားလုံးအတူတူ တစ်ထစ်ချကြီးတော့ ပြောလို့မရပါဘူး ။ များသောအားဖြင့် Beta Team Member လျှောက်တာဆိုရင်တော့ အောက်ကပုံစံအတိုင်း MIUI Forum app ကနေ လျှောက်ရပါတယ်။ အဲ့လိုမဟုတ်ဘဲ အခြား Photography , Device Team , Resources Team စတာတွေဆိုရင် MIUI Forum ခေါ်တဲ့ post အောက်မှာ အသေးစိတ်ရေး(ဘာကြောင့်လျှောက်ရတယ် ဆိုတာတွေအပါအဝင်) ပီး reply ပြန်ပေးရပါတယ် ။ ခု beta team ခေါ်ရင် လျှောက်တဲ့ ဟာလေး ရေးထားပါတယ်။

ဖြေ ။ ပထမဆုံး MIUI Forum app ကိုဒေါင်းဗျာ
https://play.google.com/store/apps/details?id=com.miui.enbbs

ပြီးရင် ပုံထဲကအတိုင်း  Recruitment ဆိုတာနှိပ် ။


Device ၊ time range ကိုရွေး ၊  ဘာကြောင့်လျှောက်ချင်တာတုန်း ဆိုတဲ့ Reason ရေး ပီးရင် submit ဆိုတာကိုသာနှိပ်လိုက် ။
Submitted ဆိုပီးပြနေရင် လျှောက်တာပီးပီ။

လျှောက်ရမယ့် နောက်ဆုံးနေ့က 1.8.2017 ထိပဲ နော်။

မေး ။ လျှောက်တာကတော့ ဟုတ်ပါပီ ၊ ကိုယ့်ကိုရွေးမရွေး ဘယ်လိုသိရမတုန်း?
ဖြေ။ အရွေးခံရရင် miui forum appမှာ message ပို့ပေးလိမ့်မယ်။

အရွေးခံရတဲ့ ပထမတစ်သုတ် ကို 25.7.2017 ရက်နေ့မှ စကြေငြာပါမယ်။ ပထမတစ်သုတ်တည်းမှာ မပါလည်း စိတ်မပူနဲ့ ၊ ကျန်တဲ့သူတွေကို ရွေးချယ်ခံရရင်  ထပ်ထပ်ကြေငြာပေးသွားမှာ ။(message ,လေးတော့ ဝင်စစ်ပေါ့)

လျှောက်တဲ့လူတွေက များတော့ အသုတ်လေးတွေ ခွဲပီး ကြေငြာပေးရတာ ။

ပထမဆုံး MIUI 9 စရမယ့်သူတွေက Mi6 , Redmi note 4 Qualcomm , Redmi note 4x Qualcomm တွေပါ။ )

အရေးကြီးတာလေးတစ်ချက်မှတ်ထားပေးဦး 
အရင်ကတည်းက Special team member ဖြစ်ပီးစားလူတွေက အခြား Special team member  (Super Moderators/ Moderators/ Intern Moderators/ Resource/ App Review/ Beta/ Device/ News/ Porting/ Fan Site/ Designer/ Photography Team members) တစ်ခုခုကို ပြောင်းချင်ရင် လက်ရှိ အဖွဲ့ ကနေထွက်ပီးမှ နောက်တစ်ခုကို ပြန်လျှောက်ရပါတယ်။ ဒီလောက်ဆို သဘောပေါက်ကြပီထင်ပါတယ်။

Credit: Xiaomi Mi 5s Tutorials - Myanmar

Comments

Popular posts from this blog

Mi6, Mi Pad 3 နဲ့ Mi 5 (7.0) China Rom တွေမှာ Google apps တွေသွင်းနည်း

MIUI Fan များအတွက် Forum Credit အကြောင်း နဲ့ Mi Credit တို့ရဲ့ အကြောင်းရှင်းလင်းချက်